close
မာတိကာသို့ ခုန်သွားရန်

ဗဟိုစာမျက်နှာ

ဝီကီပီးဒီးယား မှ

ဝီကီပီးဒီးယားက ကြိုဆိုပါသည်။

အကြောင်းအရာပေါင်း ၁၁၁၆၃၅ ခုကို မြန်မာဘာသာဖြင့် ဖတ်ရှုနိုင်ပါသည်။

ဖေ့စ်ဘွတ်ခ်ပေါ်ရှိ မြန်မာဝီကီပီးဒီးယား စာမျက်နှာ တွစ်တာပေါ်ရှိ မြန်မာဝီကီပီးဒီးယား စာမျက်နှာ တယ်လီဂရမ်ပေါ်ရှိ မြန်မာဝီကီပီးဒီးယား ချန်နယ် အင်စတာဂရမ်ပေါ်ရှိ မြန်မာဝီကီပီးဒီးယား

အထူးအကြောင်းအရာ

BERJAYA
ရှမ်းပြည်နယ်အတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသော သံလွင်မြစ်

သံလွင်မြစ်သည် တိဘက်ကုန်းပြင်မြင့်မှတဆင့် တရုတ်နိုင်ငံအနောက်တောင်ပိုင်းနှင့် မြန်မာနိုင်ငံအရှေ့ပိုင်းကို ဖြတ်သန်းကာ ကပ္ပလီပင်လယ်ပြင်သို့ စီးဆင်းသော အရှည် ၃,၂၈၉ ကီလိုမီတာ (၂,၀၄၄ မိုင်) ခန့်ရှိသည့် အရှေ့တောင်အာရှ၏ မြစ်ကြီးတစ်စင်းဖြစ်သည်။ မြစ်ကြောင်းတစ်လျှောက်တွင် တောင်တန်းချောက်ကမ်းပါးများကို အဟုန်ပြင်းစွာ ဖြတ်သန်းစီးဆင်းလေ့ရှိပြီး မော်လမြိုင်မြို့အနီးရှိ မြစ်ဝကျွန်းပေါ်ဒေသ (နောက်ဆုံး ၉၀ ကီလိုမီတာခန့်) တွင်သာ ရေကြောင်းသွားလာရေးအတွက် အသုံးပြုနိုင်သည်။ တရုတ်နိုင်ငံတွင် နူးကျန်း နှင့် မြန်မာနိုင်ငံတွင် သံလွင်မြစ် ဟု အမည်အမျိုးမျိုးဖြင့် လူသိများသော ဤမြစ်ဝှမ်းဒေသသည် ကမ္ဘာပေါ်တွင် ဂေဟစနစ်အမျိုးအစား အစုံလင်ဆုံးသော ဒေသများအနက် တစ်ခုအဖြစ် သတ်မှတ်ခံထားရသည်။ ထို့အပြင် သံလွင်မြစ်သည် စိုက်ပျိုးရေးနှင့် ရေလုပ်ငန်းများကို များစွာအထောက်အကူပြုပေးနိုင်ရုံသာမက လွန်ခဲ့သောနှစ်ပေါင်း ၅,၀၀၀ ခန့်ကတည်းက တိဘက်ကုန်းပြင်မြင့်မှ တောင်ဘက်သို့ ရွှေ့ပြောင်းအခြေချလာခဲ့ကြသော တိုင်းရင်းသားလူမျိုးစုပေါင်းများစွာ မှီတင်းနေထိုင်ရာ သမိုင်းဝင်ဒေသလည်းဖြစ်သည်။

သမိုင်းကြောင်းတစ်လျှောက်တွင် သံလွင်မြစ်သည် မြန်မာ၊ ထိုင်း နှင့် တရုတ်အင်ပါယာတို့အကြား အရေးပါသော နယ်နိမိတ်မျဉ်းတစ်ခုအဖြစ် တည်ရှိခဲ့ပြီး ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်ပိုင်းတွင်လည်း ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ ပြည်တွင်းစစ်ပွဲများအတွက် အဓိကစစ်တလင်းပြင်တစ်ခု ဖြစ်ခဲ့သည်။ ယနေ့ခေတ်တွင် သံလွင်မြစ်သည် ရေကာတာတည်ဆောက်မှု အနည်းဆုံးနှင့် သဘာဝအတိုင်း စီးဆင်းနေဆဲဖြစ်သော အာရှတိုက်၏ အဓိကမြစ်ကြီးများထဲတွင် ပါဝင်နေသေးသည်။ မြစ်ဖျားခံရာနေရာမှ အမြင့်ပေ ၅,၀၀၀ မီတာကျော်မှ စီးဆင်းလာသဖြင့် ရေအားလျှပ်စစ် ထုတ်လုပ်နိုင်စွမ်း အလွန်မြင့်မားသောကြောင့် ၁၉၇၀ ပြည့်လွန်နှစ်များမှစ၍ မြန်မာနှင့် ထိုင်းအစိုးရတို့က ရေကာတာကြီးများ တည်ဆောက်ရန် ကြိုးပမ်းခဲ့ကြသည်။ သို့သော်လည်း တရုတ်နိုင်ငံဘက်တွင် ရေကာတာစီမံကိန်းများကို ဖျက်သိမ်းကာ အမျိုးသားဥယျာဉ်အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့သည့်အတွက် မြန်မာနှင့် ထိုင်းနိုင်ငံတို့ရှိ သံလွင်မြစ်ပေါ်မှ အနာဂတ်ရေကာတာစီမံကိန်းများမှာမူ မရေမရာ ဖြစ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန် ...

သတင်းများ

ရိုဒရိ
ကမ္ဘာ့ဖလားချန်ပီယံ စပိန်အသင်းခေါင်းဆောင်နှင့် ရွှေဘောလုံးဆုရှင် ရိုဒရီ


ဖြစ်ပွားနေဆဲ: မြန်မာ့ပြည်တွင်းစစ် (၂၀၂၁-လက်ရှိ) (အချိန်မှတ်တမ်းများ)၊ ၂၀၂၆ အီရန်စစ်ပွဲ (လက်ဘနွန် စစ်ပွဲ)၊ ရုရှား-ယူကရိန်း စစ်ပွဲ

လတ်တလောကွယ်လွန်သူများ: ဝဇိရကိတ္တိယာဘာမင်းထင်ကိုကိုကြီးဂျက်ဆန်ထွန်းအလီ ခါမေနီစိန်ဝင်း

သင် သိပါသလား ...

အထက်ပေါင်းလောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ)
အထက်ပေါင်းလောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ)

ဝီကီပီးဒီးယား၏ ဆောင်းပါးသစ်များမှ -

ယနေ့ အထူးဓာတ်ပုံ

ဝီကီပီးဒီးယားအကြောင်း

ဝီကီပီးဒီးယားသည် သုံးစွဲသူများက ပူးပေါင်း၍ ရေးသားတည်းဖြတ်သော စွယ်စုံကျမ်းဖြစ်ပါသည်။ ဝီကီဟု ခေါ်သော ဝက်ဘ်ဆိုက် ပုံစံတစ်မျိုးကို အသုံးပြု၍ ပူးပေါင်းရေးသားခြင်းကို အဆင်ပြေစေရန် စီမံထားခြင်း ဖြစ်ပါသည်။ သုံးစွဲသူများမှ နာရီအလိုက် ပြင်ဆင်မှုပေါင်း များစွာကို ပြုလုပ်၍ ဝီကီပီးဒီးယားကို ပို၍ကောင်းမွန်အောင် ဆောင်ရွက်နေကြပါသည်။ မြန်မာဝီကီပီးဒီးယားတွင် ယူနီကုဒ် ၅.၂ စံနှုန်းကို လိုက်နာသော မည်သည့်ဖောင့်အမျိုးအစား နှင့်မဆို ဖတ်ရှုခြင်း၊ တည်းဖြတ်ခြင်းများ ပြုလုပ်နိုင်ပါသည်။

အကူအညီ

  • ဝီကီပီးဒီးယားကို မည်သည့် ယူနီကုဒ်ဖောင့်ကို မဆို အသုံးပြု၍​ ဖတ်ရှုရေးသားနိုင်ပါသည်။
  • မြန်မာဘာသာပြန်သူများအတွက် ညာဘက် အပေါ်ထောင့်ရှိ "ဆောင်ရွက်ချက်များ" အောက်မှ "ဘာသာပြန်များ"​ ကို အသုံးပြု၍ Translation Tool ၏ အကူအညီရယူ၍ ဘာသာပြန်နိုင်ပါသည်။
  • သတ်ပုံကျမ်း တွင် စာလုံးပေါင်း၊ သတ်ပုံသတ်ညွှန်းများ စစ်နိုင်ပါသည်။
  • နမူနာကြည့်ရန်နှင့် အလွယ်တကူ နားလည်စေရန် နိဒါန်းကို အရင်ဖတ်ပါ။
  • မြန်မာဝီကီပီးဒီးယားသည် မဏ္ဍိုင်ငါးခု (နိယာမ ၅ ခု) ရှိပါသည်။
  • မေးစရာရှိလျှင် ဤစာမျက်နှာမှာ မေးပါ။
  • အကူအညီများ လိုအပ်လျှင် ဤစာမျက်နှာကို သွားပါ။
  • တည်းဖြတ်လို၊ အကျဉ်းချုပ်လိုလျှင် တည်းဖြတ်ခြင်းအတိုချုပ်ကို ကြည့်ရှုပါ။
  • စမ်းသပ်ကြည့်လိုလျင် ဤစာမျက်နှာကို သုံးပြီး စာမျက်နှာတည်းဖြတ်မှုကို စမ်းသပ်နိုင်ပါသည်။
  • တည်းဖြတ်ခြင်းအကြောင်း နှိုက်နှိုက်ချွတ်ချွတ်လေ့လာလိုပါက ဤစာမျက်နှာကို ဖတ်ပါ။
  • အခြား အကြံပေးခြင်း၊ ဆွေးနွေးခြင်းများအတွက် မြန်မာဝီကီပီးဒီးယား လက်ဖက်ရည်ဆိုင် (သို့) မြန်မာဝီကီ ဖေ့စ်ဘွတ်ခ်တွင် ဝင်ရောက် ပြောဆိုနိုင်ပါသည်။

ကဏ္ဍအညွှန်း

BERJAYA

စီးပွားရေး  နိုင်ငံရေး  ပညာရေး  ပထဝီဝင်  ဘာသာစကားများ  ယဉ်ကျေးမှု  လူမျိုးများ  သမိုင်း  အတ္ထုပ္ပတ္တိ  အုပ်ချုပ်ရေး

BERJAYA
BERJAYA

ပြည်သူ့ကျန်းမာရေး  ဆေးပညာ  ဆေးများ  ရောဂါ

BERJAYA

ခရစ်ယာန်  ဂျိန်း  ဂျူး  ဆစ်ခ်  ဗုဒ္ဓ  ဟိန္ဒူ  အစ္စလာမ်

BERJAYA

ဇီဝဗေဒ  ဓာတုဗေဒ  နက္ခတ္တဗေဒ  ဘူမိဗေဒ  ရုက္ခဗေဒ  ရူပဗေဒ  သတ္တဗေဒ

BERJAYA

ကဗျာ  ဂီတ  ဂိမ်းများ  စာပေ  ဖျော်ဖြေရေး  ရုပ်ရှင်  ပန်းချီ  ပြတိုက်များ  ပွဲတော်များ  ဗိသုကာ  ဘာသာစကား  အနုပညာ  အားကစား

BERJAYA

ကွန်ပျူတာ  ဆက်သွယ်ရေး  ဆော့ဖ်ဝဲလ်  သယ်ယူပို့ဆောင်ရေး  အီလက်ထရွန်းနစ်  အင်ဂျင်နီယာ

BERJAYA

ဂြိုဟ်  ကမ္ဘာ  တိုက်  (တောင်အမေရိက  မြောက်အမေရိက  အာဖရိက  အာရှ  အန္တာတိက  ဥရောပ  ဩစတြေးလျ)  အိုရှန်းနီးယား  တောင်များ  နိုင်ငံများ  ပင်လယ်   မြစ်များ  မြို့များ  ရေထု  ရေကန်များ

BERJAYA

မနုဿဗေဒ  ပညာရေး  (ကျောင်း  ကောလိပ်  တက္ကသိုလ်)  လူ့ဘဝ  မိသားစု  သဘာဝတ္ထဗေဒ  ဒဿနပညာ  ဘာသာဗေဒ  ဥပဒေပညာ  လူမျိုး  လက်ထပ်ထိမ်းမြားခြင်း  နိုင်ငံရေး

BERJAYA

ရှေးဟောင်းသုတေသနပညာ  ကျောက်ခေတ်  ရေခဲခေတ်  သံခေတ်  ရှေးဟောင်းအီဂျစ်  အမှောင်ခေတ်  အလယ်ခေတ်  ရီနေဆွန်းခေတ်  ဗြိတိသျှအင်ပါယာ  ပထမကမ္ဘာစစ်  ဒုတိယကမ္ဘာစစ်  မြန်မာ့သမိုင်း  စစ်အေးတိုက်ပွဲ

ဝီကီပီးဒီးယား၏ ညီအစ်မ ပရောဂျက်များ

ဝီကီပီးဒီးယားကို အကျိုးအမြတ်မယူသည့် ပရဟိတအဖွဲ့အစည်း ဝီကီမီဒီယာ ဖောင်ဒေးရှင်း မှ လွှင့်တင်ပြီး အောက်ပါအခြား ပရောဂျက်များကိုလည်း လွှင့်တင်ထားပါသည်။

ဝီကီပီးဒီးယား ဘာသာစကားများ

ဤဝီကီပီးဒီးယားကို မြန်မာဘာသာဖြင့် ရေးသားထားပါသည်။ ၂၀၀၄ (၂၀၀၄) ခုနှစ်မှ စတင်၍ ယခုအခါ အကြောင်းအရာပေါင်း ၁၁၁၆၃၅ ခုရှိပါသည်။ အခြားဘာသာဖြင့် ရေးသားသော ဝီကီပီးဒီးယားများကိုလည်း ကြည့်ရှုနိုင်ပြီး ဆောင်းပါးအများဆုံးသော ဝီကီပီးဒီးယားများကို အောက်တွင်ဖော်ပြထားပါသည်။