BBC News, မြန်မာ - ပင်မစာမျက်နှာ
ထိပ်တန်း သတင်းများ
တရုတ်နဲ့ ရုရှားကို ဘာက ပေါင်းစည်းပေးနေတာလဲ
နှစ်နိုင်ငံကြား အာဏာချိန်ခွင်လျှာ မညီမျှပေမဲ့ ပိုမိုနီးကပ်တဲ့ ဆက်ဆံရေးရှိလာနေပါတယ်။
Mango အဝတ်ကုမ္ပဏီပိုင်ရှင် တောင်ပေါ်က ပြုတ်ကျသေဆုံးခဲ့မှု သားဖြစ်သူကို ဖမ်းဆီးလိုက်
Mango အဝတ်ကုမ္ပဏီ တည်ထောင်သူ အသက် ၇၁ နှစ်အရွယ် အိုင်ဆက်ခ် ဟာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလက ဘာစလိုးနားမြို့နားက မွန့်ဆာရက် တောင်မှာ လမ်းလျှောက်နေတုန်း ချောက်ကမ်းပါးပေါ်ကနေ ပြုတ်ကျ သေဆုံးခဲ့တာ ဖြစ်ပါတယ်။
လေချုပ်အသစ်လက်ထက် လေကြောင်းဗုံးကြဲမှုတိုးလုပ်လာ
လေချုပ်အသစ်လက်ထက်မှာ တိုက်လေယာဥ်တွေသာမက ပို့ဆောင်ရေးလေယာဥ်တွေပါ အုပ်ဖွဲ့ပျံသန်းပြီး ဗုံးကြဲနေတယ်လို့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တချို့နဲ့ တပ်တွင်းရင်းမြစ်တွေကပါ အတည်ပြုပါတယ်။
ဘန်ကောက်ရထားတိုက်မှုက သေဆုံးသူ ၈ ဦးထဲ မြန်မာ ၁ ဦးပါဝင်
ဗန်ဟာ အာရှခရီးစဉ်အဖြစ် မလေးရှားနိုင်ငံမှာ ကျင်းပမယ့် ချင်းဒုက္ခသည်ကော်မတီအခမ်းအနားတက်ရောက်ဖို့ရှိတဲ့သတင်းအပါအဝင် မေလ ၁၉ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းက ထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။
စပိန်အစိုးရထံက အခွန်ပြန်အမ်းငွေ ပေါင်သန်း ၅၀ အဆိုတော် ရှာကီရာ ပြန်ရ
ကိုလမ်ဘီယာ အဆိုတော် ရှာကီရာက သူ့ကို အခွန်ရှောင်မှုနဲ့ အပြစ်ရှိတယ်ဆိုပြီး ဇာတ်လမ်းထွင်ထားခဲ့သမျှတွေဟာ အခုတရားရုံးဆုံးဖြတ်ချက်ကြောင့် ပြိုပျက်သွားခဲ့ပြီလို့ ပြောပါတယ်။
ရန်ကုန်နဲ့ ငလျင်အန္တရာယ်
ရန်ကုန်မြို့ နဲ့ ၁၅ ကီလိုမီတာ အကွာမှာ အသက်ဝင်ရက်သား ရှိနေတဲ့ စစ်ကိုင်းပြတ်ရွေ့ငလျင်ကြောကနေ အင်အားပြင်းငလျင် အချိန်မရွေး ထပ်လှုပ်နိုင်ခြေရှိတာကြောင့် ရန်ကုန်အနေနဲ့ ငလျင်ဒဏ်အတွက် ကြိုပြင်ဆင်သင့်ပြီလို့ ငလျင်ပညာရှင်တွေက သတိပေးထားပါတယ်။
ရေမှုတ်ကင်ဆာကုနည်း - ဆေးဝါးပြတ်လပ်မှုကြောင့် ပျောက်စေဆရာတွေ အာဖဂန်မှာတန်ခိုးထွား
အာဖဂန်နစ္စတန်မှာ ကင်ဆာဖြစ်နှုန်း မိုးအထိမြင့်တက်နေချိန်မှာပဲ နိုင်ငံသားတွေဟာ ဆေးဝါး ရှားပါးတာနဲ့ နယ်စပ်တွေ အပိတ်ခံရလို့ အပြင်ထွက် ဆေးမကုနိုင်တာတွေ ကြုံနေရပါတယ်။
OWIC၊ တရစ်ရစ်ကျပ်တဲ့ပြည်ပထွက်ခွင့်နဲ့ ပြည်တွင်းမှာသောင်တင်နေသူတွေ
ရာနဲ့ချီတဲ့ပြည်တွင်းရောက် ခွင့်ပြန်အလုပ်သမားတွေဟာ OWIC ကတ်အပါအဝင် အလုပ်သမားဝန်ကြီးဌာနရဲ့ကန့်သတ်ချက်တွေကြောင့် ပြည်တွင်းမှာ သောင်တင်နေပြီး အလုပ်အကိုင် ဆုံးရှုံးနိုင်ခြေဆိုက်နေပါတယ်။
စက်ရုပ်ခြေထောက်ဖန်တီးတဲ့ ထိုင်းရောက်မြန်မာလူငယ်တွေ
"ဒီပရောဂျက်က လေကြောင်းဗုံးကြဲလို့ ဖြစ်လာတာ။ ဒါပေမဲ့ ခြေတုအတွက်က ဆေးပညာပိုင်း အသိပညာလိုတယ်။ ဒါကြောင့် စပွန်ဆာပေးတဲ့ ကုမ္ပဏီနဲ့တိုင်ပင်ပြီးတော့ Humanoid Robot leg (လူပုံစံတူစက်ရုပ်ခြေထောက်) လုပ်ဖို့ ဖြစ်သွားတယ်" လို့ ကိုပြည့်ထူးခန့်က ဆိုပါတယ်။
စစ်မှုထမ်းတွေ အိမ်ပြန်ခွင့်ရနေပြီလို့ TikTok ကနေ ဘယ်လိုဝါဒဖြန့်သလဲ
စစ်မှုထမ်းဥပဒေနဲ့ စစ်သားစုဆောင်းခံရသူတွေထဲမှာ ပထမဆုံးတပ်ထဲရောက်ခဲ့တဲ့ အပတ်စဥ် ၁ တပ် သားတွေကို စစ်မှုထမ်းသက် ၂ နှစ်ပြည့်လို့ အိမ်ပြန်ခွင့်ပြုနေပြီလို့ နည်းလမ်းမျိုးစုံနဲ့ စစ်တပ်က သတင်း ထုတ်လာပါတယ်။
ယော၊ဆောဒေသထဲ စစ်တပ်ရဲ့အင်အားဖြည့်တင်းမှုနဲ့ ချင်း-ရခိုင် စစ်ရေးဖိအား
ယော၊ဆောဒေသထဲက ကံကြီးရွာကို စစ်တပ်က အင်အားဖြည့်အထိုင်ချလိုက်သလို တစ်ဖက် ဆော-ကျောက်ထုလမ်းပိုင်းမှာလည်း စစ်အင်အားတွေဖြည့်တင်းစစ်ကြောင်းထိုးနေပါတယ်။ မကွေး၊ ရခိုင်နဲ့ ချင်း ပြည်နယ်ဒေသသုံးခုကို ဆက်သွယ်ထားတဲ့ ဆောမြို့နယ်ထဲက ကံကြီးရွာက စစ်ရေးအချက်အချာဗျူဟာဖြစ်လာပါတယ်။
မြန်မာမှာ တရုတ်ငွေနဲ့ ရင်းနှီးမြှုပ်နှံဖို့ ဘာကြောင့် ခွင့်ပြုတာလဲ
အမေရိကန်ဒေါ်လာဟာ မြန်မာနိုင်ငံအတွက် အများဆုံးအသုံးဝင်တဲ့ ငွေကြေးဖြစ်သလို ငွေဖြစ် လွယ်တဲ့အရာလည်းဖြစ်ပါတယ်။ ဒါပေမဲ့ အမေရိကန်အာဏာပိုင်တွေကတော့ ဒေါ်လာစီးဆင်းမှုတွေကို ကွင်းဆက်လိုက်ရှာဖွေတာမျိုးနဲ့၊ ပိတ်ဆို့အရေးယူတာတွေကို လုပ်နိုင်တဲ့အခြေအနေမျိုးရှိပါတယ်။
ဒေတာ ချွေတာချင်ပါသလား။
ဘီဘီစီမြန်မာပိုင်းသတင်းကို ဒေတာကုန်ကျမှု နည်းပါးသည့် ပုံဖြင့်ကြည့်ရန်
အထူးစာမျက်နှာ
ဘီဘီစီမြန်မာပိုင်းရဲ့ သတင်းတွေကို တယ်လီဂရမ်မှာလည်း ဝင်ကြည့်နိုင်ပါပြီ။
မြန်မာနဲ့နိုင်ငံတကာ ထိပ်တန်းသတင်းတွေကို ဘီဘီစီမြန်မာပိုင်းရဲ့ တယ်လီဂရမ်ချန်နယ်ကနေ တင်ဆက်ပေးနေပါတယ်။
နားဆင်ကြည့်ရှုရန်
ဗီဒီယို, ဘီဘီစီ မြန်မာတီဗီ အစီအစဉ်
နောက်ဆုံးရ နိုင်ငံတကာ နဲ့ အားကစားသတင်းများ
ညပိုင်းအစီအစဉ်
သတင်းနှင့်ကမ္ဘာ့မျက်မှောက်ရေးရာ
ဆောင်းပါး
ဒေါ်အောင်ဆန်းစုကြည်၊တရုတ်အထိုင်နဲ့ နေပြည်တော်ရဲ့ ရွှေ့ကွက်
ရက်ပေါင်း ၁,၉၀၀ ကျော်( ၅ နှစ်ကျော်ကြာ)အကျဥ်းချခံထားရပြီး ပြင်ပကမ္ဘာနဲ့ အဆက်အသွယ် ဖြတ်တောက်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒုတိယမြောက်ဓာတ်ပုံတစ်ပုံကို ''ပြစ်ဒဏ်ကျခံရတဲ့နေရာကိုပြောင်းလဲသတ်မှတ်''ဆိုတဲ့သတင်းနဲ့အတူနေပြည်တော်က ထုတ်ပြလာပါတယ်။
မြန်မာကျပ် မလို တရုတ်ယွမ်သာလိုတဲ့ ရှမ်းပြည်က နယ်စပ်မြို့တွေ
တရုတ်-မြန်မာနယ်စပ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)က တိုင်းရင်းသားလက်နက်ကိုင်တွေထိန်းချုပ်ထားတဲ့ မြို့တွေမှာ မြန်မာငွေကြေး ကျပ်ငွေထက် တရုတ်ငွေ (ယွမ်)က ပိုပြီး ဦးစားပေးဖြစ်လာပါတယ်။ အဲဒီ မြို့တွေမှာ ကျပ်ငွေအစား ယွမ်ငွေကိုပဲ ဘာလို့ သုံးလာကြတာလဲ။
စစ်ခေါင်းဆောင်ဟောင်းရဲ့အစိုးရသစ်လက်ထက် BRI စီမံကိန်းပြီးရေး တရုတ်ခြေလှမ်းနေလား
တရုတ်က မြန်မာမှာရှိတဲ့သူ့စီမံကိန်းတွေကို အရှိန်မြှင့် အကောင်အထည်ဖော်ဖို့ တိုက်တွန်းနေပြီး အဲဒီစီမံကိန်းတွေထဲမှာ တရုတ်အတွက် မလက္ကာရေလက်ကြားကို မှီခိုနေရတာကို လျှော့ချနိုင်မယ့် ဒေါ်လာ ဘီလျံချီ ကျောက်ဖြူ - မူဆယ်- ကူမင်း ကုန်ရထားလမ်းကြီးလည်း ပါဝင်နေပါတယ်။
မတိုးတဲ့လစာ၊ ထိုးတက်တဲ့ကုန်စျေးနှုန်း - လစာမကျန်၊ စုဆောင်းငွေမရှိဖြစ်လာတဲ့မြန်မာလူငယ်တွေ
လူငယ်တွေရဲ့ စိုးရိမ်မှုနဲ့ စိတ်ဖိစီးမှုအမြင့်ဆုံးကိစ္စက အလုပ်အကိုင်နဲ့ ဝင်ငွေကိစ္စ ဖြစ်တယ်လို့ ကုလ သမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဥ် UNDP ရဲ့ ချောက်ကမ်းပါးထက်က မျိုးဆက်အစီရင်ခံစာက ဆိုပါတယ်။
၁၀၂၇ မဟာမိတ်စုဖွဲ့မှု တခန်းရပ်ပြီလား၊တရုတ်ဖိအား ဘယ်လောက်ပါသလဲ
မြန်မာစစ်တပ်ကိုအရှိုက်ထိစေခဲ့တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ညီညွတ်မှုဖရိုဖရဲဖြစ်သွားတာက နွေဦးတော်လှန်ရေးထဲ ရှမ်းမြောက်ပါဝင်မှု တခန်းရပ်သွားကြောင်း မီးမောင်းထိုးပြနေပြီလို့ နိုင်ငံရေးစစ်ရေးစောင့်ကြည့်သူတွေက တပြေးညီ သုံးသပ်ထားကြပါတယ်။



























































